close

ဂွါဒီယိုလာနှင့် အဆင်မပြေသဖြင့် ဘိုင်ယန်အသင်းဆီ ကန်ဆယ်လို ပြောင်းရွှေ့မည်

ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုဟာ နည်းပြဂွါဒီယိုလာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဘိုင်ယန်မြူနစ်အသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပါတယ်။ 

ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့ဟာ ဘောလုံးပရိသတ်တွေကြားအံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အတွင်းသတင်းတွေအရ လေ့ကျင့်ရေးကွင်းမှာ နည်းပြဂွါဒီယိုလာနဲ့ ကန်ဆယ်လိုတို့ အချင်းများခဲ့ကြတာကနေ စတင်ခဲ့တာလို့သိရပါတယ်။

ကန်ဆယ်လိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၃ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီးနောက် ပွဲကစားချိန်ပိုရဖို့ တောင်းဆိုရာကနေ စကားများခဲ့ပြီး အသင်းကနေထွက်ခွာမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် ဘိုင်ယန်မြူနစ်အသင်းရဲ့ ကမ်းလှမ်းချက်ကို မန်စီးတီးကော၊ ကန်ဆယ်လိုကပါ လက်ခံပြီး အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့တာလို့သိရပါတယ်။ 

ဘိုင်ယန်ဟာ ရာသီကုန်ဆုံးချိန်မှာပေါင်  ၆၁ သန်းနဲ့ ကန်ဆယ်လိုကို အပြီးသတ်ခေါ်ယူခွင့်ပါ ပါရှိတယ်လို့သိရပါတယ်။ 

Up