close

သံတောင်မြို့ရှိ နေအိမ်များကို စစ်ကောင်စီက မီးရှို့

ကရင်ပြည်နယ် သံတောင်မြို့မှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၄ ရက်၊ ညနေ ၄ နာရီလောက်က စတင်မီးရှို့နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

ဒေသခံတဦးက  “မီးရှို့ခံရတဲ့ အိမ်က အမှတ်(၃) ရပ်ကွက် ခရစ်ယာန်ဘုရားကျောင်းနားကပါ။ အခုလောင်နေတုံးပဲ။ လေယာဉ်တစီးလည်း လာနေတယ်။ မီးရှို့ခံနေရတဲ့ နေအိမ် ၃ လုံး ရှိသွားပါပြီ။ ကြောက်လို့ အနီးကပ် သွားမကြည့်ရဲကြဘူး” လို့ ပြောပါတယ်။

ဖေဖော်၀ါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ ဒေသခံ တ၀က်လောက်ဟာ မြို့ပေါ်ကနေ စွန့်ခွာပြီး နီးစပ်ရာ သံတောင်ကြီး၊ ပျားစခန်း၊ လေးမိုင် နဲ့တောင်ငူမြို့ တွေမှာ ပြောင်းရွှေ့ခဲ့ကြတယ်လို့ သိရပါတယ်။

Up