တွဲဖက်ခံစစ်မှူး မက်ဂွဲယားအပေါ် ယုံကြည်မှုရှိဟု အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်ပြော

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တွဲဖက်ခံစစ်မှူး မက်ဂွဲယားအပေါ် ယုံကြည်မှုရှိတယ်လို့ နောက်ခံလူ ဂျွန်စတုန်းစ်က ပြောပါတယ်။
စတုန်းစ်နဲ့ မက်ဂွဲယားတို့ဟာ အင်္ဂလန်အသင်းရဲ့ အုပ်စုပွဲစဉ်သုံးပွဲစလုံးကို ပွဲထွက်ကစားခဲ့ပြီး ရှုံးပွဲမရှိသေးပါဘူး။
မက်ဂွဲယားရဲ့ ကလပ်အသင်းကခြေစွမ်းနဲ့ ပတ်သက်ပြီး လူတွေက စောင့်ကြည့်ဝေဖန်ကြချိန်မှာ ဂျွန်စတုန်းစ်ကတော့ မက်ဂွဲယားရဲ့ခြေစွမ်းအပေါ် ယုံကြည်ကြောင်း ပြသခဲ့တာပါ။
အုပ်စုပွဲစဉ်သုံးပွဲစလုံးမှာ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ပြီး ခြေစွမ်းကောင်းကို ဆက် လက်ထိန်းသိမ်းထားရမှာ ဖြစ်ကြောင်း၊ မက်ဂွဲယားဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့သူဖြစ်သလို အသင်းဖော်တွေအားလုံးကလည်း သူ့အပေါ် ယုံကြည်မှုရှိကြောင်း၊ ဝေဖန်သံတွေကို အာရုံစိုက်နေလို့မဖြစ်ဘဲ ကိုယ့်ခြေစွမ်းတိုးတက်နေဖို့သာ အရေးကြီးကြောင်း ဂျွန်စတုန်းစ်က ပြောပါတယ်။
ဂျွန်စတုန်းစ်နဲ့ မက်ဂွဲယားတို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ယူရို၂၀၂၀ ပြိုင်ပွဲတွေမှာလည်း တွဲဖက်ကစားခဲ့ပြီး စုစုပေါင်း ၃၂ ပွဲ အတူကစားခဲ့ဖူးပါတယ်။