close

လစာနည်းပါးသဖြင့် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းချက် မေဆန်မောင့် ပယ်ချ

ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ဟာ စာချုပ်သက်တမ်းတိုးဖို့ ကမ်းချက်ကို လစာနည်းပါး မှုကြောင့် ပယ်ချခဲ့တယ်လို့သိရပါတယ်။ 

အင်္ဂလန်ကွင်းလယ် တိုက်စစ်ကစားသမားဟာ အသင်းနဲ့ ၁၈ လ သက်တမ်းသာ ကျန်ရှိ တော့တာပါ။ 

ချဲလ်ဆီးအသင်းဟာ မေဆန်မောင့်ကို တခြားစီနီယာကစားသမားတွေကို ပေးတဲ့လုပ်ခ လစာအောက် လျော့နည်းပြီး ကမ်းလှမ်းခဲ့တာကြောင့် ကစားသမားဘက်က လက်မခံခဲ့တာလို့ ဒေးလီးမေးလ်သတင်းက ဖော်ပြပါတယ်။ 

သူဟာ တစ်ပတ် လုပ်ခပေါင် ၈၀,၀၀၀ ရရှိနေပြီး  အသင်းဘက်က ကမ်းလှမ်းတဲ့ လုပ်ခဟာ ရာဟင်းစတာလင်လို စီနီယာကစားသမားတွေရဲ့ လုပ်ခထက် နည်းပါးတာကြောင့် လက်မခံခဲ့တာလို့ ဆိုပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူမှုအတွက် ပေါင်သန်း ၃၀၀ ကျော်အသုံးပြုခဲ့ပြီး မေဆန်မောင့်လို အကယ်ဒမီထွက်ကစားသမား တစ်ဦးကို ဆက်ထိန်းချင်ပေမယ့်လည်း အနာဂတ်နဲ့ ပတ်သက်ပြီး အာမခံချက်တော့ ပေးမထားဘူးလို့သိရပါတယ်။ 

Up