close

ကယန်းကျားသစ်မယ် ဘရော်နီကာ ဘရာဇီးလက်ဝှေ့မယ်ကို ထပ်မံအနိုင်ရ

ထိုင်းနိုင်ငံ၊ ဆာလာဘူရီမှာ၊ ဖေဖော်ဝါရီ ၅ ရက်၊ မနေ့ညက ကျင်းပတဲ့ Thai Fight မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲမှာ ကယန်းကျားသစ်မယ် ဘရော်နီကာက ပြိုင်ဘက် ဘရာဇီးလက်ဝှေ့မယ် ယူလီအဲလ်ဗက်စ်ကို အကြိတ်အနယ်ထိုးသတ်ပြီး ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဘရော်နီကာဟာ ပြိုင်ဘက် ဘရာဇီးလက်ဝှေ့မယ်ကို လက်သီးချက်တွေ ခြေကန်ချက်တွေနဲ့ တရစပ်ထိုးသတ်ခဲ့သလို ဘရာဇီးလက်ဝှေ့မယ်ကလည်း တံတောင်ရိုက်ချက်တွေနဲ့ ထိုးသတ်သွားခဲ့ပြီး တယောက်နဲ့ တယောက် အလဲထိုးနိုင်ခဲ့ခြင်းမရှိဘဲ  ၃ ချီ အပြည့်ထိုးသတ်ပြီးနောက် ဘရော်နီကာက အမှတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ် ဘရော်နီကာဟာ  ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ “Thai Fight 100 years Nakornban” မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အန်ယူဂျီအစိုးရကလည်း သူကို  ဂုဏ်ပြုခဲ့ပါတယ်။

ဘရော်နီကာဟာ ONE Championship အဖွဲ့အစည်းရဲ့ MMA ပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်ထိုးသတ်နိုင်ဖို့လည်း ကြိုးစားနေသူဖြစ်ပါတယ်။

Up