close

နေပြည်တော်ကိုသွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင် ၉ တိုင်ကို KNDF ဖောက်ခွဲဖျက်ဆီး

ကရင်နီ(ကယား)ပြည်နယ်ကနေ နေပြည်တော်ကို သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် ၉ ခုကို ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ကရင်နီအမျိုးသားများကာကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အဓိက အုပ်ချုပ်ရေးနေရာဖြစ်တဲ့ နေပြည်တော်ကို ဓာတ်အားပေးပို့နေတဲ့ အဆိုပါ လျှပ်စစ်တာဝါတိုင် ၉ တိုင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း အမှတ် (၁၁) က ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ 

အဆိုပါ ထုတ်ပြန်ချက်မှာမှာတော့  “ကျနော်တို့မြေပေါ်မှာ ကုပ်သွေးစုပ်ရပ်တည်ပြီး လူတစ်စုဆီ အလင်းရအောင်ပို့ပေးတဲ့ လျှပ်စစ်မီးများ အဓွန့်မရှည်စေရ။ စစ်တပ် ဒေါက်တိုင်မှန်သမျှ ဖျက်ဆီးကြ။ စစ်အုပ်ချုပ်ရေးအလိုမရှိ။ အဆုံးထိ တော်လှန်ကြ။ တိုက်ခိုက်ကြ။”လို့  ရေးသားထားပါတယ်။

ဒီလိုလျှပ်စစ်တာဝါတိုင်တွေ ပြိုကျ ပျက်စီးသွားပြီးနောက် မြို့အတော်များများမှာ လျှပ်စစ်မီးပြတ် တောက်သွားပါတယ်။

Up