တောင်ကိုရီးယားနိုင်ငံသားများကို တရုတ်နိုင်ငံက ဗီဇာပြန်ထုတ်ပေးမည်

တရုတ်နိုင်ငံအနေနဲ့ တောင်ကိုးရီးယားနိုင်ငံသားတွေအတွက် နိုင်ငံတွင်းဝင်ရောက်ခွင့် ဗီဇာ ပြန်ထုတ်ပေးဖို့ စဉ်းစားပေးသွားမယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအခြေအနေ တိုးတက်မှုရှိလာတာကြောင့် တရုတ်ခရီးသွားတွေအတွက် ကာလတိုဗီဇာ ပြန်ထုတ်ပေးဖို့ တောင်ကိုရီးယားနိုင်ငံဘက်က စီစဉ်နေတယ်လို့ ဆိုးလ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလို ဗီဇာကန့်သတ်မှုရုပ်သိမ်းလိုက်တာဟာ "လမ်းကြောင်းမှန်ပေါ်က ခြေလှမ်းတစ်ရပ်" ဖြစ်တယ် လို့ မော်နင်းက တုံ့ပြန်ပြောဆိုပါတယ်။
တရုတ်နိုင်ငံက "ကိုဗစ်ကင်းစင်ရေး" မူဝါဒကို ရုတ်တရက် အဆုံးသတ်ခဲ့ပြီးနောက် တရုတ်ခရီးသွားအတွက် ကာလတိုဗီဇာထုတ်ပေးမှုကို တောင်ကိုရီးယားနိုင်ငံဘက်က ပြီးခဲ့တဲ့လမှာ ဆိုင်းငံ့ထားခဲ့ပါတယ်။
အဲဒီအတွက် ပေကျင်းက တောင်ကိုရီးယားခရီးသွားတွေအပေါ် ကာလတိုဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းထားပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။