တရုတ်နိုင်ငံ ချုံချင်းမြို့အသုဘခန်းမတွင် ရုပ်အလောင်းများ စုပုံနေ

တရုတ်နိုင်ငံ ချုံချင်းမြို့က ဈာပနအခမ်းအနား ကျင်းပရာ အသုဘခန်းမထဲမှာ ရုပ်အလောင်း ဒါဇင်ပေါင်းများစွာ စုပုံထားတဲ့ ဗီဒီယိုတခုကို ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ချုံချင်းမြို့က ကျန်းနန် အသုဘခန်းမမှာ ဈာပနအခမ်းအနားအတွက် စောင့်နေတဲ့ ရုပ်အလောင်း အိတ် ၃၀ နီးပါးကို ရိုက်တာသတင်းဌာနက ရတဲ့ ဗီဒီယိုမှာ ပြထားပါတယ်။
တရုတ်နိုင်ငံမှာ တစ်ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု အထွတ်အထိပ်ကို ရောက်မယ်လို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၂၂ ရက်မှာ ပြောခဲ့ပြီး ရောဂါပြင်းထန်မှုကို လျှော့ချရင်း သေဆုံးမှု အသစ်မရှိဘူးလို့ ဆက်လက် ဖော်ပြနေခဲ့တာပါ။
တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၂၂ ရက်က ကိုဗစ်-၁၉ ကူးစက်ခံ သေဆုံးသူ အသစ်မရှိဘူးလို့ သတင်း ထုတ်ပြန်ခဲ့ပြီး အရင်နေ့နဲ့ နှိုင်းယှဉ်ရင် သုည ဖြစ်တယ်လို့ အမျိုးသား ကျန်းမာရေး ကော်မရှင်က ဒီဇင်ဘာ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်မှာ ရောဂါလက္ခဏာပြတဲ့ ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၃၇၆၁ ခုကို နိုင်ငံအတွင်း အစီရင်ခံတင်ပြခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်က အသစ်ကူးစက်ခံ ဦးရေ ၃၀၃၀ နဲ့ နှိုင်းယှဉ် ပြခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ကြီးထွားလာချိန်မှာ သေဆုံးသူအသစ်မရှိဘူးလို့ အစိုးရက ထုတ်ပြောအပြီး အခုလို အလောင်းတွေ စုပုံနေတာနဲ့ ပတ်သက်လို့ တရုတ်ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။