ရုရှားက ယူကရိန်းကို ထိုးစစ်အသစ်များ စတင်နေပြီဟု နေတိုးအဖွဲ့ ပြော

3
ရုရှအစိုးရက စစ်ပွဲဆင်နွှဲပြီး တနှစ်နီးပါးအကြာမှာ ယူကရိန်းနိုင်ငံကို စိုးရိမ်စရာ ကောင်းလောက်အောင် ထိုးစစ် အသစ်တွေ စတင်နေပြီလို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ် အဖွဲ့ နေတိုးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က ဖေဖော်ဝါရီ ၁၃ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
စစ်ဘက်မဟာမိတ်အဖွဲ့ရဲ့ အစည်းအဝေးမတိုင်မီ ပြောရာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ငြိမ်းချမ်းရေးအတွက် ပြင်ဆင်နေတဲ့ လက္ခဏာမရှိဘူးလို့လည်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။
ယူကရိန်းအစိုးရကို စစ်ရေးပံ့ပိုးမှုတွေ အရေးတကြီး ဆက်လက်ပံ့ပိုးပေးဖို့ သူက NATO အဖွဲ့ဝင်တွေကို တောင်းဆိုခဲ့ပါတယ်။
လာမယ့် နှစ်ရက်ကြာအစည်းအဝေးမှာ ယူကရိန်းကို လေယာဉ်တွေ ထောက်ပံ့ရေးကိစ္စ ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့လည်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။