ယူကရိန်းကို တိုက်လေယာဉ်များပေးရန် ဘုံသဘောတူညီချက်လိုအပ်ဟု ပိုလန်သမ္မတ ပြော

4
ယူကရိန်းနိုင်ငံကို F-16 တိုက်လေယာဉ်တွေ ပေးဖို့ကိစ္စဟာ မဟာမိတ်တွေကြား ဘုံသဘောတူညီချက်ရဖို့ လိုအပ်လိမ့်မယ်လို့ ပိုလန်သမ္မတ အန်ဂျရေ့ချ် ဒူဒါက ပြောတဲ့အကြောင်း ဘီဘီစီသတင်းဌာနမှာ ဖော်ပြပါတယ်။
ပိုလန်မှာ F-16 တိုက်လေယာဉ် စီးရေ အနည်းငယ်သာရှိလို့ ယူကရိန်းကိုပေးဖို့ ပိုလန်အတွက် ခက်ခဲလိမ့်မယ်လို့လည်း ဒူဒါက ဘီဘီစီကို ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ဥရောပမဟာမိတ်တွေဆီ ခရီးစဉ်အတွင်း ဒူဒါနဲ့ ဒီသီတင်းပတ် အစောပိုင်းမှာ တွေ့ခဲ့တာပါ။ သူ့ကို စိတ်အားထက်ထက်သန်သန်နဲ့ ကြိုဆိုလက်ခံခဲ့ကြပေမဲ့ ဇလန်းစကီးကြိုးစားနေတဲ့ တိုက်လေယာဉ်တွေ ထောက်ပံ့ရေး ကတိကိုတော့ လူသိရှင်ကြား မရခဲ့ပါဘူး။
ပိုလန်နဲ့ ယူကရိန်းတို့ရဲ့ အိမ်နီးချင်း စလိုဗက်ကီးယားနိုင်ငံကတော့ သူ့ရဲ့ လက်ရှိ တိုက်လေယာဉ်အုပ်ကို တိုးချဲ့ဖို့ ယူကရိန်းဆီကို MiG တိုက်လေယာဉ် ၁၁ စီး စေလွှတ်ဖို့ သဘောတူခဲ့ပါတယ်။