close

ခြေစွမ်းပြနိုင်ခဲ့သော်လည်း အမှတ်လျော့ခဲ့သည့်အပေါ် ဝမ်းနည်းစိတ်ပျက်မိဟု ဂွါဒီယိုလာပြော

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ရမှတ်နှစ်မှတ်လျော့ခဲ့ရတဲ့အပေါ် ဝမ်းနည်း စိတ်ပျက်မိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ 

မန်စီးတီးဟာ ပထမပိုင်းကတည်းက ဘာနာဒိုဆေးလ်ဗားရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အပိုင် ကန်သွင်းခွင့် ၅ ကြိမ်လောက်အထိရခဲ့ပေမဲ့ ဂိုး ထပ်မသွင်းနိုင်ခဲ့ပါဘူး။ နော်တမ်ဟမ်ဖောရက်စ် ဘက်က အပိုင်အခွင့်အရေး တကြိမ်ကို တစ်ဂိုးရခဲ့တာကြောင့် ပွဲအပြီးမှာ တဖက် တဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့ရတာပါ။ 

ပထမပိုင်းကတည်း ၂ ဂိုး ၃ ဂိုး အထိသွင်းယူနိုင်ခဲ့သင့်ပြီး  ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ဂိုးမရခဲ့တာက ပြဿနာဖြစ်ခဲ့ကြောင်း၊ ဒီလိုအခြေအနေဟာ တခါတရံမှာဖြစ်လေ့ဖြစ်ထရှိပြီး ဘာမှဆင်ခြေမှ မပေးချင်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။ 

ဂိုးမသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာလန်းနဲ့ ပတ်သက်လို့ စိုးရိမ်စရာမရှိဘဲ လာမယ့်ပွဲစဉ်တွေမှာ ဂိုးပြန်ရမှာဖြစ်ကြောင်း ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့ပါတယ်။ 

Up