close

လက်ရှိ အာဆင်နယ်သည် ရင်ဆိုင်ခဲ့ဖူးသမျှ အကောင်းဆုံးအသင်းဖြစ်ဟု နည်းပြ ဂွါဒီယိုလာ သုံးသပ်

လက်ရှိ အာဆင်နယ်အသင်းရဲ့ခြေစွမ်းဟာ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသမျှ အကောင်းဆုံးအသင်း ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအသင်းဟာ မနက်ဖြန်မနက် ၂ နာရီအချိန်မှာ အာဆင်နယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် လာရောက်ကစားရမှာပါ။

အဲဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ လက်ရှိအာဆင်နယ်ဟာ ရင်ဆိုင်ခဲ့ဖူးသမျှ အကောင်းဆုံးအသင်း ဖြစ်လားဆိုတဲ့ မေးခွန်းအပေါ် နည်းပြ ဂွါဒီယိုလာက ပြန်လည်ဖြေကြားခဲ့တာပါ။

နည်းပြ ဂွါဒီယိုလာက “ကျနော် ဒီလိဂ်ကို ရောက်လာပြီးနောက်ပိုင်း အကောင်းဆုံးအသင်း ဆိုတာ လုံးဝမှန်ပါတယ်။ သူတို့ဟာ ဒီအချိန်ထိလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းပါပဲ။ ပထမအကျော့ပွဲစဉ်တွေကို သူတို့ ထူးချွန်ပြောင်မြောက်စွာ ကစားနိုင်ခဲ့တယ်။ ခက်ခဲမယ့်ပွဲစဉ်ဖြစ်ပြီး ကျနော်တို့အသင်းအနေနဲ့ နေရာတိုင်းအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

အာဆင်နယ်ဟာ ဒုတိယနေရာက မန်စီးတီးထက် တပွဲလျော့အခြေအနေမှာ သုံးမှတ်သာ ကွာဟနေလို့ ဒီပွဲစဉ်ဟာ ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။

Up