close

ကမ္ဘောဒီးယားတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရပြီး မိန်းကလေး ၁ ဦး သေဆုံး

ကမ္ဘောဒီးယားနိုင်ငံမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတဦးဟာ H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်မှာ သေဆုံးခဲ့ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ H5N1 ရောဂါပိုးတွေ့ရှိရတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပထမဆုံး လူသားကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး မမ်ဘွန်နေးက ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ အဲဒီမိန်းကလေးနေထိုင်ရာ မြို့တော် ဖနွမ်းပင်အရှေ့ဘက် ပရေး ‌ဗေးပြည်နယ်ရှိ နေအိမ်ကို ပိုးသတ်ဆေးတွေ ဖျန်းခဲ့ပါတယ်။

ပရေးဗေးပြည်နယ်ကပဲ H5N1 ကူးစက်ခံထားရသူ နောက်ထပ် ၁၂ ဦးကို တွေ့ရှိခဲ့ရပြီး သူတို့ရဲ့နမူနာတွေကို ဖနွမ်းပင်မြို့ကို ယူဆောင်သွားကြောင်းနဲ့ ရလဒ်တွေကို နောက်နေ့တွေမှာ ထုတ်ပြန်ဖို့ရှိကြောင်း ကျန်းမာရေးအတွင်းဝန် ယို့ခ်ဆောင်ဘာက ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

Up