အီကွေဒေါတွင် တံတားပြိုကျပြီး ရေနံပိုက်လိုင်းပိတ်

အီကွေဒေါနိုင်ငံ နာပိုပြည်နယ်မှာ တံတားတခုပြိုကျခဲ့လို့ ပိုက်လိုင်းတွေပါ ပိတ်သွားရတဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ် ကြုံခဲ့ရကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက်မှာ အီကွေဒေါရဲ့ ရေနံလုပ်ငန်းဟာ ၃ ပတ်အတွင်း ပုံမှန် ပြန်လည်ပတ်နိုင်မယ်လို့ အစိုးရက ဖေဖော်ဝါရီ ၂၄ ရက်မှာ ခန့်မှန်းထားပါတယ်။
နိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုအီကွေဒေါ နဲ့ ပုဂ္ဂလိက ပိုက်လိုင်းအော်ပရေတာ အိုစီပီ အီကွေဒေါ တို့ဟာ နာပိုပြည်နယ်က သူတို့ရဲ့လုပ်ငန်းခွင် ဘေးနားက ပြိုကျမှု ဖြစ်ပွားပြီးနောက်မှာ ကြိုတင် ကာကွယ်မှုအဖြစ် ဖေဖော်ဝါရီ ၂၂ ရက်မှာ သူတို့ရဲ့သက်ဆိုင်ရာ ပိုက်လိုင်းတွေက လုပ်ငန်း ဆောင်ရွက်မှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။
ကြိုတင်မသိရတဲ့ မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်လို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ကြေညာ လိုက်ပါတယ်။
ရေနံစုပ်ခြင်းကိုတော့ နောက်ခုနှစ်ရက်အတွင်း ပြန်စတင်နိုင်မယ်လို့ ပက်ထရိုအီကွေဒေါက ဖေဖော်ဝါရီ ၂၃ ရက် နှောင်းပိုင်းမှာ ခန့်မှန်းထားပါတယ်။
ပက်ထရိုအီကွေဒေါ မန်နေဂျာ မာရီယာ အဲလစ်ဆာ ဆိုလီဒစ်ပ်ဆာကတော့ ကုမ္ပဏီဟာ လက်ရှိကြုံတွေ့နေရတဲ့ အရေးပေါ်အခြေအနေတွေကို ဖြေရှင်းနိုင်စေဖို့ လမ်းကြောင်းသစ်တခု လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
ပက်ထရိုအီကွေဒေါက အမေဇုန်ရှိ ရေနံတွင်းတွေကို ဖြည်းဖြည်းချင်း စပြီး ပိတ်ပစ်နေပြီဖြစ် ကြောင်းနဲ့ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ဖို့ သိုလှောင်မှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နှောင်းပိုင်းက ထုတ်ပြန်ချက်တခုမှာ ပြောကြားခဲ့ပါတယ်။