close

ဘရာဇီးတွင် မိုးသည်းထန်ပြီး မြေပြိုသဖြင့် ၅၀ ကျော် သေဆုံး

ဘရာဇီးနိုင်ငံ၊ ဆောင်ပေါ်လိုပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကနေ ဖြစ်ပေါ်လာတဲ့ မြေပြိုမှုကြောင့် အနည်းဆုံး ကလေးငယ် ၁၃ ဦး အပါအဝင် ၅၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ အဆိုးရွားဆုံး ဘေးဒဏ်သင့်တဲ့ ဆောင်စီဘက်စတီယို၊ အူဘာတူဘာ၊ ကာရာဂွာ တွာတူဘာ စတဲ့ မြူနီစီပယ်နယ်မြေတွေထဲရှိ ရွှံ့တောင်တွေအောက်မှာ ပိတ်မိနေတဲ့ လူဒါဇင်ပေါင်းများစွာကို အချိန်နဲ့တပြေးညီ ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။ 

"ရေကြီးတာ ၅ ရက်လောက်ရှိနေပြီး အပျက်အစီးတွေ အောက်မှာလည်း လူတွေအများကြီး နစ်မြုပ်နေကြတုန်းပဲ”လို့ ဒေသခံကုန်စုံဆိုင်ပိုင်ရှင် ဟိုဆေး အယ်ရီဗန်က ပြောပါတယ်။

မြေပြိုမှုကြောင့် နေအိမ် ၁၀၀၀ ကျော်ကို အနီးနားရှိ စာသင်ကျောင်းတွေကို ယာယီ ရွှေ့ပြောင်းခိုင်းထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ ဆောင်စီဘက်စတီယိုနယ်မြေက ဗီလာဒိုဆာဟီ ကမ်းခြေအပန်းဖြေမြို့ဟာ ဒူးဆစ်ထိနက်တဲ့ ရွှံ့နွံတွေ အပျက်အစီးတွေ လမ်းတွေပေါ်မှာ ဖုံးလွှမ်း နေတာကြောင့် မမှတ်မိနိုင်လောက်အောင် ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Up