close

ပြုံယမ်းရှိ အိမ်ရာစီမံကိန်း အုတ်မြစ်ချပွဲသို့ ကင်မ်ဂျုံအန်းနှင့် သမီးဖြစ်သူ တက်ရောက်

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းက ဆောက်လုပ်ရေးစီမံကိန်းတခုအတွက် အုတ်မြစ်ချ အခမ်းအနားမှာ ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သမီးဖြစ်သူတို့ တက်ရောက်လာခဲ့ကြတဲ့ ဓာတ်ပုံတွေကို နိုင်ငံပိုင်ရုပ်သံဌာန KRT က ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ကင်မ်ဟာ ပြုံယမ်းမြို့တော် ဆိုပိုခရိုင်က အိမ်ရာစီမံကိန်း အသစ်တခုစတင်ဖို့ လူငယ်အလုပ်သမားတွေကို စုစည်းထားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

စီးပွာရေးခက်ခဲမှုတွေ ပိုမိုနက်ရှိုင်းလာပေမဲ့ မြို့တော်နေရာမှာ အိမ်ခြေ ၅၀,၀၀၀ တည်ဆောက်မယ်ဆိုတဲ့ ကြီးမားတဲ့ရည်မှန်းချက်အတွက် ကင်မ်က တွန်းအားပေးခဲ့တာပါ။

ပြုံးယမ်းမြို့တော်က ၂၀၂၅ ခုနှစ်မှာ ပြီးစီးမယ့် အိမ်ခြေအသစ် ၅၀,၀၀၀ တည်ဆောက်ရေး အစီအစဉ်ကို ကင်မ်က ၂၀၂၁ ခုနှစ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

အထပ် ၈၀ ပါ မိုးမျှော်တိုက်တခုလည်း ဒီစီမံကိန်းမှာပါဝင်ပြီး ပထမဆုံး တိုက်ခန်းအသစ်ပေါင်း ၁၀,၀၀၀ ကို ပြီးခဲ့တဲ့နှစ်က ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

ကင်မ်က ဆိုပိုခရိုင်မှာ မတူထူးခြားတဲ့လမ်းတခုကို အိမ်ပေါင်း ၄,၁၀၀ နီးပါးနဲ့အတူ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA အရ သိရပါတယ်။

Up