close

ဖလားတစ်လုံးတည်းနှင့် ရပ်တန့်နေမည်မဟုတ်ဟု မန်ယူနည်းပြ တန်ဟတ်ဂ်ကြုံးဝါး

မန်ယူနိုက်တက်အသင်းဟာ EFL ဖလားတစ်လုံးတည်းနဲ့ ရပ်တန့်နေမယ့် အသင်းမဟုတ်ကြောင်း နည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။

ဟော်လန်နည်းပြဟာ ယူနိုက်တက်နဲ့ ၉ လတာကာလအတွင်းမှာပဲ ကရာဘောင်ဖလား ချန်ပီယံရယူပေးနိုင်ခဲ့ပြီး ခြေစွမ်းအရလည်း ပုံစံကောင်းတစ်ခုရရှိအောင် ဦးဆောင်နိုင်ခဲ့တာပါ။

နယူးကာဆယ်ကို ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ကစားသမားတွေရဲ့ ခြေစွမ်းအပေါ် ထုတ်ဖော်ချီးကျူးခဲ့သလို ဆုဖလားတစ်လုံးတည်းနဲ့ ရပ်တန့်နေမယ့် အသင်းမဟုတ်ကြောင်း အသင်းပရိသတ်တွေဆီကို ပေးပို့တဲ့စာမှာ ထည့်သွင်းရေးသားခဲ့တာပါ။

မန်ယူအသင်းဟာ ဆက်လက်ကြိုးစားမယ်ဆိုပါက အက်ဖ်အေဖလား ၊ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာလည်း ချန်ပီယံဆုဖလားကို ဆက်လက်မျှော်မှန်း နိုင်နေဆဲဖြစ်ပါတယ်။

နည်းပြတန်ဟတ်ဂ်ဟာ လိဂ်ဖလားချန်ပီယံဖြစ်ပြီးနောက်တစ်နေ့မှာပဲ  ဝက်စ်ဟမ်းနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်အတွက် လေ့ကျင့်မှုတွေပြန်လည်စတင်စေခဲ့ တယ်လို့သိရပါတယ်။ 

Up