အမေရိကန်က ထိုင်ဝမ်ကိုလက်နက်ရောင်းသည့်အပေါ် တရုတ် ကန့်ကွက်

ထိုင်ဝမ်အတွက် အမေရိကန် လက်နက်ရောင်းချမှု အစီအစဉ်သစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်ကျွန်းကို လက်နက်ရောင်းချတာ၊ စစ်ရေးအရ အဆက်အသွယ် လုပ်တာကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်ကျွန်းအနီးနားမှာ တရုတ်လေတပ်မှ အကြီးစား ကျုးကျော်ဝင်ရောက်မှု လုပ်နေတာ၂ ရက်ရှိပြီလို့ အကြောင်းကြားခဲ့တာကြောင့် အမေရိကန်ဟာ သူ့ရဲ့ F-16 ရေယာဉ်စုအတွက် ဒုံးကျည်တွေ အပါအဝင် ထိုင်ဝမ်ကို ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ လက်နက်သစ် တွေ ရောင်းချမယ့် အလားအလာရှိနေကြောင်း အမေရိကန်က အတည်ပြုခဲ့ပါတယ်။
လက်နက်ရောင်းချမှုကြောင့် ဝါရှင်တန်နဲ့ ပေကျင်းကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုဆိုး လာဖွယ်ရှိတာကြောင့် ဒီလိုအပေးအယူတွေကို ရပ်တန့်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို အခိုင်အမာ ကာကွယ်ဖို့ ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောသွားပါတယ်။