ရော်နယ်ဒို အပါအဝင် ပေါ်တူဂီအသင်းသားများ နည်းပြသစ်နှင့် လေ့ကျင့်ရေးအစီအစဉ် စတင်

7
ပေါ်တူဂီအသင်းနည်းပြသစ် ရောဘတ်တို မာတီနက်စ်ဟာ ဇန်နဝါရီလက စတင်ကိုင်တွယ်ခဲ့ပြီးနောက် ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်တွေအဖြစ် ခရစ္စတီယာနို ရော်နယ်ဒို အပါအဝင် အသင်းသားတွေကို မတ်လ ၂၀ ရက်က စတင်လေ့ကျင့်စေခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ အတွေ့အကြုံတွေကို အသုံးချပြီး လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲ လိုက်ချ်တန်စတိန်းအသင်းကို ယှဉ်ပြိုင်သွားဖို့ရှိနေပြီး ကမ္ဘာ့ဖလားမှာ လွဲချော်ခဲ့တဲ့ ဒီယေဂို ဂျိုတာလည်း အသင်းမှာ ပြန်လည် ပါဝင်ကစားနိုင်နေပြီ ဖြစ်ပါတယ်။
ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့နေရတဲ့ အသက် ၄၀ အရွယ် နောက်ခံလူ ပီပီကတော့ နောက်ပွဲစဉ် ၂ ခုမှာ အမည်စာရင်း ထည့်သွင်းထားပါတယ်။
ပေါ်တူဂီအသင်းဟာ လိုက်ချ်တန်စတိန်းအသင်းနဲ့ မတ်လ ၂၃ ရက်မှာ ယူရိုခြေစစ်ပွဲ ပထမဦးဆုံးပွဲစဉ် ကစားရမှာဖြစ်ပြီး မတ်လ ၂၆ ရက်မှာတော့ လူဇင်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။