close

ဘရာဇီးနှင့် မော်ရိုကို ချစ်ကြည်ရေးခြေစမ်းပွဲယှဉ်ပြိုင်

ဘရာဇီးအမျိုးသားဘောလုံးအသင်းဟာ လာမယ့်စနေနေ့မှာ ချစ်ကြည်ရေးပွဲအဖြစ် မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ဖို့ လေ့ကျင့်ရေးအစီအစဉ်တွေကို မတ်လ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဘရာဇီးအသင်းသားတွေဟာ မော်ရိုကိုနိုင်ငံက တန်ဂျီရာမြို့ကို မတ်လ ၂၀ ရက်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ၅ ရက်ကြာ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ဘရာဇီးနည်းပြ ရာမွန် မန်နီဇီစ်ရဲ့ ပထမဆုံးဦးဆောင်တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို တနင်္လာနေ့ မွန်းလွဲပိုင်းကတည်းက ဘာတိုတာ အားကစားကွင်းမှာ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

လက်ရွေးစင်အသင်းမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဗစ်တာရိုကွီနဲ့ အန်ဒရီစတုန်းတို့လို ကစားသမားအသစ် ၁၀ ယောက်လောက် ပါဝင်လာပြီး ကတ်စ်မဲရိုး၊ အီဒါမီလီတာအို၊ ရိုဒရီဂို၊ ဗင်နီစီးယက်စ် ဂျူနီယာတို့လို အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့အတူ လေ့ကျင်ခန်း ဆင်းနေကြတာကို တွေ့ရပါတယ်။

PSG အသင်းကစားသမား နေမာကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒီချစ်ကြည်ရေးပွဲစဉ်မှာ ပါဝင်လာနိုင်ခြင်း မရှိပါဘူး။

Up