close

ဆာကာဟာ ကမ္ဘာ့အကောင်းဆုံး ညာတောင်ပံကစားသမားဖြစ်လာပြီလို့ ခရစ်ဆပ်တန် သုံးသပ်

အာဆင်နယ်တိုက်စစ်ကစားသမား ဘူကာရိုဆာကာဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ညာ တောင်ပံကစားသမားဖြစ်လာပြီလို့ အင်္ဂလန်ကစားသမားဟောင်း ခရစ်ဆပ်တန်က ပြောပါတယ်။

ဘယ်တောင်ပံကစားသမားတွေထဲမှာ လီဗာပူးက ဆာလာဟာ အရင်ကလိုခြေစွမ်းမရ သေးသလို မန်စီးတီးကမာရက်ဇ်က ခြေစွမ်းပြသနေပေမဲ့ ဆာကာလောက် မကောင်းသေးကြောင်း ခရစ်ဆပ်တန်က ပြောပါတယ်။

ဒါ့အပြင် မန်ယူညာတောင်ပံကစားသမား အန်တိုနီဟာလည်း  ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ စာရင်းမှာထည့်သွင်းလို့မရနိုင်သေးတဲ့သူဖြစ်ကြောင်း ခရစ္စဆပ်တန်က ဒေးလီးမေးလ် သတင်းမှာ သုံးသပ်သပ်ချက်ရေးသားခဲ့ပါတယ်။

ဘယ်တောင်ပံတိုက်စစ်ကစားသမားတွေထဲမှာတော့ အမ်ဘာပေ၊ ဗင်နီဆီးယက်စ်၊ ခဗာရက်စ်ခီလီယာနဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ ခြေစွမ်းပြနေပြီး ညာတောင်ပံ ကစားသမားတွေထဲမှာတော့ ဆာကာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ဆပ်တန်ကပြောပါတယ်။

ဆာကာဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ  ၁၂ ဂိုးသွင်း ၁၀ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပြီး အင်္ဂလန်အသင်းမှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ 

Up