close

ယင်းမာပင်မြို့နယ်၌ ရွှေသမင်ရွာသားအချို့ကို စစ်တပ်ကဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မင်းမာပင်မြိုနယ်၊ ရွှေသမင်ကျေးရွာနေ ဒေသခံတချို့ကို စစ်ကောင်စီတပ်က ဧပြီ ၁ ရက် မနက် ၈ နာရီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတ် ၃၁ ရက်က ညောင်ပင်ကြီး-ယင်းမာပင်သွား ကာလမ်းမကနေ ဖိုဝင်တောင်ဘက်ကို ကား ၄ စီးနဲ့ စစ်ကြောင်း ထိုးလာလာပြီးနောက်  အမျိုးသမီးတွေ အပါအဝင် ရွာသားတွေကို ဖမ်းဆီးသွားတာလို့  ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်ဒေသခံတဦးက “မနေ့က ၈ နာရီလောက်က ဖိုလ်ဝင်းတောင် တောင်ခြေကို သာလွန် အင်အားနဲ့ ရောက်လာတယ်။ နောက်ပြီးတော့ ဖိုဝင်တောင် တောင်ခြေကနေ မတောင်းတရွာကို ဖြတ်တယ်။ အဲဒီ မတောင်းတရွာကနေ အခုလက်ရှိ ဗိုက်သရက်ရွာက ပြည်သူတွေရဲ့ စားနပ်ရိပ်က္ခာ ပစ္စည်းတွေကိုလည်း ဖောကား ၄ စီး‌ပေါ် တင်ထားကြတယ်။ အဲဒါကနေ ရွှေသမင်ရွာဘက်ကို ဖြတ်ပြီး ဒေသခံတွေကို ဖမ်းသွားတယ်။”

လတ်တလော ရွှေသမင်ရွာကနေ  သားအမိ နှစ်ယောက်ကတော့ အဖမ်းခံရတာပဲ အတည်ပြုနိုင်သေးပြီး   စစ်ကောင်စီလာတိုင်း ပြည်သူတွေ ထွက်ပြေးရလို့ အဆက်အသွယ်တွေ ပြတ်နေတာကာ အဖမ်းခံရတဲ့ အယောက်အရေအတွက်အတိအကျမသရဘူး လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ယင်းမာပင်မြို့နယ်ကနေ စတင်ကာ ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံပြည်သူကာကွယ်ရေးတပ်နဲ့ စစ်ရေးအခြေအနေ ‌တင်းမာနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်း ယင်းမာပင်မြို့နယ်ဘက်ကနေ အမြန်ဆုံးထွက်ခွာဖို့ရာ ယင်းမာပင် မြိုပြပြောက်ကြားတပ်ဖွဲ့က မတ် ၃၁ ရက်က ပုလဲမြို့ဝင်စစ်ကောင်စီဂိတ်ကို သွားရောက် ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Up