close

အော်စကာဆုရှင် ရိုင်ယုချီ ဆာကာမိုတို အသက် ၇၁နှစ်တွင် ကွယ်လွန်

The Last Emperor ရုပ်ရှင်ဇာတ်ကားနဲ့ အော်စကာဆုရရှိခဲ့တဲ့ အီလက်ထရွန်းနစ် ဂီတတေးရေးဆရာ ရိုင်ယုချီဆာကာမိုတိုဟာ ကင်ဆာရောဂါကို ကာလကြာရှည်စွာခံစားရပြီးနောက် မတ် ၂၈ ရက်က ကွယ်လွန်ပါတယ်။

သူဟာ ၂၀၁၄ ခုနှစ်မှာ လည်ချောင်းကင်ဆာလို့ စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ နောက်‌နှစ်တွေမှာ သူရဲ့ကျန်းမာ‌ရေး တိုးတက်ကောင်းမွန်လာတယ်လို့ ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ စအို ကင်ဆာအတွက် ခွဲစိတ်ကုသမှုခံခဲ့ရကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

Yellow Magic Orchestra ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရိုင်ယုချီဆာကာမိုတိုနဲ့ ပတ်သက်ပြီး သူရဲ့ စီမံခန့်ခွဲမှု ကုမ္ပဏီကတော့ “သူက အဆုံးထိ ဂီတနဲ့ နေထိုင်ခဲ့တယ်။ သူရဲ့ လှုပ်ရှားမှုတွေကို အားပေးကြတဲ့ပရိသတ်တွေနဲ့ ဂျပန်နဲ့ အမေရိကန်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူ့ကို ကုသဖို့ အစွမ်းကုန်လုပ်ခဲ့ကြတဲ့ အတွက်ပါ" လို့ ထုတ်ပြန်ကြေညာထားပါတယ်။

၁၉၇၈ မှ ၁၉၈၃ မှာ အယ်ဘမ် ခုနစ်ခွေထွက်ခဲ့ပြီး Yellow Magic Orchestra အဖွဲ့ဝင်တွေနဲ့ တစ်ကိုယ်တော်လက်ရာတွေဟာ အင်္ဂလန်နဲ့ အမေရိကန်မှာ ဩဇာလွှမ်းမိုးနိုင်ခဲ့ပြီး သူဟာ ၁၉၈၃ ခုနှစ်က "Merry Christmas Mr Lawrence" မှာ ဒေးဗစ်ဘိုဝီနဲ့ အတူတွဲဖက်သရုပ်‌ဆောင်ခဲ့ပြီး နိုင်ငံတကာကြယ်ပွင့်ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ သူဟာဒေးဗစ် ဘရိုင်နီ၊ တရုတ်စာရေးဆရာ ချောင်စုနဲ့ ဘာနာဒို ဘာတိုလူစီ တို့နဲ့အတူ မျှဝေခဲ့ တဲ့ The Last Emperor ရုပ်ရှင်အတွက် အကယ်ဒမီဆု ရရှိခဲ့ပြီး၊ သူတို့သုံးယောက်ဟာ  ဂရမ်မီဆုကိုလည်းရရှိခဲ့ဖူးပါတယ်။

Source - Variety

Photo - Daily Mail

Up