ယခင်အောင်မြင်မှုများကြောင့် ထုတ်ပယ်မခံရတာဟု လီဗာပူးနည်းပြကလော့ပ်ဝန်ခံ

81
ပြီးခဲ့တဲ့နှစ်တွေအတွင်းက အောင်မြင်မှုတွေကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံရခြင်းမရှိ တာဖြစ်ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာအထိ ရောက်ရှိနေတာပါ။
အသင်းရဲ့ရလဒ်တွေ ယိမ်းယိုင်းနေပေမဲ့ တခြားအသင်းတွေရဲ့နည်းပြတွေလို ထုတ်ပယ်ခံရခြင်း မရှိတာဟာ အရင်ကအောင်မြင်မှုတွေကြောင့်ဆိုတာ သိမြင်ကြောင်း ကလော့ပ်က ဝန်ခံစကာ ဆိုခဲ့တာပါ။
ဒါပေမဲ့ အခုနှစ်ရာသီလို အခြေအနေမျိုးကို အသင်းနဲ့ ပထမဆုံးရာသီမှာ ဖြစ်ခဲ့မယ်ဆိုရင် ထုတ်ပယ်ခံရနိုင်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
ဂျာမန်နည်းပြကလော့ပ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေအပါအဝင် အဓိက ဆုဖလား ၆ လုံးအထိ လီဗာပူးအတွက် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။