close

ဖားကန့်တွင် ရေမဆေးကျောက်သမား ၃ ဦးကို ကေအိုင်အေဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာမှာ ရေမဆေးကျောက် ရှာဖွေနေသူ ၆ ယောက်ကို ဧပြီ ၇ ရက် မနက်ပိုင်းမှာ  ကေအိုင်အေက ဝင်ရောက်ဖမ်းဆီးရာ ၃ ယောက်ကထွက်ပြေး လွတ်မြောက်သွားပြီး ၃ ယောက်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက "ရေမဆေးရှာနေတုန်း ဝိုင်းပြီး ဖမ်းတာတဲ့။ ညကြီး သောက်စား ရမ်းကားနေလို့ ဆိုရင်လည်းဖမ်းသွားပါ။ အခုက ကျောက်ရရင်လည်း ၁ သိန်းတန်လောက်ဆိုရင် ၃ သောင်းက အခွန်ဆောင်ရတယ်"လို့ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၉ က ဖမ်းသွားတာလို့ စုံစမ်းသိရပြီး နောက်ထပ် ဘာကြောင့်ဖမ်းတာလဲဆိုတာကိုလည်း မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။ ဒီလို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ကေအိုင်အေဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ဖမ်းဆီးခံရသူ တစ်ယောက်က ကလေးငယ် ၂ ယောက်ရဲ့ ဖခင်ဖြစ်ပြီး သူ့အစ်ကို ၂ယောက်ကလည်း လက်ရှိ ကေအိုင်အေမှာ တာဝန်ထမ်းဆောင်နေတာမို့ ပြန်လွတ်လာဖို့ မိသားစုတွေက မျှော်လင့်နေ ပါတယ်။

Up