close

မက္ကဆီကိုနိုင်ငံတွင် လက်ကားဈေး မီးလောင်

မက္ကဆီကိုနိုင်ငံရှိ ကမ္ဘာ့အကြီးမားဆုံး လက်ကားဈေးကြီးတွေထဲက တစ်ခုမှာ ဧပြီ ၆ ရက်က အကြီးအကျယ် မီးလောင်ကျွမ်းခဲ့တာကို အွန်လိုင်းပေါ်မှာ မျှဝေထားတဲ့ ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။

ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုမှတ်တမ်းတွေအရ မြို့တော် မက္ကဆီကိုစီးတီးရဲ့ စင်ထရယ်ဒီ အဘာစတိုဈေးကြီးမှာ မီးတောက်တွေနဲ့ ပြည့်နှက်နေသလို မီးခိုးလုံးကြီးတွေ လှိမ့်တက်နေတာ ကိုလည်း တွေ့ရပါတယ်။ 

ဒီဈေးကြီးဟာ မက္ကဆီကိုမြို့တော်တစ်ဝိုက်မှာရှိတဲ့ ဈေးတွေအတွက် ကုန်ပစ္စည်းမျိုးစုံနဲ့ စားသောက် ကုန်တွေရောင်းချပေးနေတဲ့ လက်ကားဆိုင်တွေတည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။

ဧပြီ ၇ ရက်မနက်အစောပိုင်းမှာတော့ ဒီလက်ကားဈေးကြီးရဲ့ စီမံခန့်ခွဲရေးဌာနက မီးလောင် ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်သလို စီပွားရေးလုပ်ငန်းတွေလည်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Up