close

ချဲလ်ဆီးအသင်း၏အခြေအနေနှင့်ပတ်သက်ပြီး ဝမ်းနည်းမိကြောင်း အန်စလော့တီပြော

လက်ရှိ ချဲလ်ဆီးအသင်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဝမ်းနည်းမိတယ်လို့  ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်စလော့တီက ပြောပါတယ်။

အန်စလော့တီဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။ 

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာအဆင့် ၁၁ မှာရပ်တည်နေသလို အက်ဖ်အေဖလားနဲ့ လိဒ်ဖလားတွေကနေလည်း စောစောစီးစီးထွက်ခဲ့ရပြီး အသင်းဟောင်းရဲ့ အခြေအနေအပေါ် ဝမ်းနည်းစိတ်မကောင်းဖြစ်ကြောင်း အန်စလော့တီကဆိုခဲ့တာပါ။ 

“အသင်းရဲ့ အခြေအနေက ဝမ်းနည်းစရာကောင်းတယ်ဆိုတာ အမှန်ပါပဲ။ ချဲလ်ဆီးအသင်းမှာ နှစ်သက်စရာ အမှတ်တရတွေရှိခဲ့ပြီး အဲဒီအချိန်ကတာဝန်ရှိသူတွေဟာလည်း ခုထိ ရှိနေကြတဲ့သူတွေရှိပါတယ်။ အမှန်တကယ်ကောင်းမွန်တဲ့ ဘောလုံးရာသီနှစ်ရာသီကိုင်တွယ်ခဲ့ဖူးတဲ့ အတွက် ကျနော်က ချဲလ်ဆီးအသင်းရဲ့ပရိသတ်တစ်ဦးဆိုရင်လည်း မှန်ပါတယ်” လို့ အန်စလော့တီကပြောပါတယ်။

ဒါ့အပြင် နည်းပြသစ်လမ်းပတ်ဟာ မကြာသေးခင်ကမှ အသင်းကိုရောက်ရှိလာတာဖြစ်ပေမဲ့ ကစားသမားတွေအကြောင်းကိုသိရှိပြီးသားဖြစ်လို့ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့် ကြောင်းလည်း အန်စလော့တီကမှတ်ချက်ပေးသွားပါတယ်။

Up