ဘတ်စကတ်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံ စပိန်နှင့် ဘရာဇီးလ် အုပ်စုအဆင့် ရင်ဆိုင်ရမည်

၂၀၂၃ ခုနစ်အတွက် FIBA ဘတ်စကတ်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မဲခွဲဆုံးဖြတ်မှုကို ဧပြီ ၂၉ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပပါတယ်။
လက်ရှိချန်ပီယံဖြစ်တဲ့ စပိန်အသင်းဟာ ဘရားဇီးလ်အသင်းနဲ့ အုပ်စုအဆင့်မှာတင် ရင်ဆိုင်ကစား ရဖို့ ရှိနေပြီး ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ၅ ဆုရှင် အမေရိကန်အသင်းကတော့ ဂရိအသင်းနဲ့အတူ အုပ်စုတစ်ခုထဲမှာ ကျရောက်နေပါတယ်။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမယ့် ဘတ်စကတ်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲကို သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်သလို နိုင်ငံကိုယ်စားပြုအသင်းပေါင်း ၃၂ သင်းက ပါဝင်ယှဉ်ပြိုင်သွားမှာပါ။
ကမ္ဘာ့အဆင့် ရပ်တည်ချက်အတွင်း ထိပ်ဆုံးနေရာမှာရှိနေတဲ့ စပိန်အသင်းဟာ ဒီနှစ်မှာ ချန်ပီယံဆု ကာကွယ်ရမှာ ဖြစ်သလို တတိယမြောက် ကမ္ဘာ့ဖလားကို ၂ နှစ်ဆက် ရယူနိုင်ဖို့အတွက် အီရန်နဲ့ အိုင်ဗရီကို့စ် အသင်းတို့ကိုပါ ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် ၂ နေရာက အမေရိကန်အသင်းကတော့ ဂျော်ဒန်နဲ့ နယူးဇီလန် အသင်းတို့ကို အုပ်စုတွင်းပြိုင်ဘက်အဖြစ် ရင်ဆိုင် ကစားသွားရမှာပါ။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ၅ ကြိမ်အထိ စံချိန်တင်ဆွတ်ခူးထားတဲ့ အမေရိကန်အသင်းဟာ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
၂၀၁၉ ဘတ်စကတ်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ အာဂျင်တီး နားအသင်းကတော့ ၄၁ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲအဆင့် ကနေ ထွက်ခွာခဲ့ရပါတယ်။