ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်ခဲ့သည့် မာနေးအတွက် ဝမ်းနည်းမိကြောင်း ဗန်ဒိုက်ဖွင့်ဟ

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တဲ့ အသင်းဖော်ဟောင်း မာနေးအတွက် ဝမ်းနည်းမိကြောင်း ဟော်လန် နောက်ခံလူ ဗန်ဒိုက်က ပြောပါတယ်။
ဟော်လန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီကနေ့ည ၁၀ နာရီခွဲမှာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။
အဲဒီပွဲစဉ်မှာဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေးက ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ဘဲ ပြိုင်ပွဲတစ်ခုလုံးနဲ့လည်း လွဲချော် တော့မှာပါ။
ဗန်ဒိုက်ကတော့ မာနေးရဲ့အလုပ်ကြိုးစားမှုနဲ့ မိခင်နိုင်ငံအတွက် ပေးဆပ်ကစားချင်တဲ့စိတ်ကို သိရှိသလို ဆီနီဂေါ အသင်းအတွက်လည်း မာနေးက အရေးပါတဲ့ကစားသမားဖြစ်တယ်လို့ ပြောပါတယ်။
ဒီအခြေအနေဟာ မာနေးအတွက် အလွန်ခက်ခဲမှာဖြစ်ပြီး သူ့အတွက် ဝမ်းနည်မိကြောင်း ဗန်ဒိုက်ကပြောပါတယ်။
ဆက်လက်ပြီးမာနေး မပါဝင်နိုင်တဲ့အတွက် ဟော်လန်အသင်း အတွက်လည်း အနည်းငယ် အကျိုးကျေးဇူးရှိနိုင်ကြောင်းလည်း ဗန်ဒိုက်က ဝန်ခံစကားဆိုခဲ့ပါတယ်။
ဗန်ဒိုက်နဲ့အတူ သတင်းစာရှင်းလင်းပွဲကို အတူတက်ခဲ့တဲ့ ဟော်လန်နည်းပြ ဗန်ဟားလ်ကတော့ သူ မန်ယူအသင်းမှာရှိစဉ်က မာနေးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း ပြောသွားပါတယ်။