ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရန် အမေရိကန်အသင်း ကာတာနိုင်ငံကို ရောက်ရှိ

ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဝင်ဖို့ အမေရိကန်ဘောလုံးအသင်းဟာ ကာတာနိုင်ငံကို နိုဝင်ဘာ ၁၀ ရက်မှာ အစောဆုံး ရောက်ရှိလာပါတယ်။
အမေရိကန်အသင်းဟာ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ကာတာကို ပထမဆုံး ရောက်ရှိလာတဲ့အသင်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
တခြား နိုင်ငံလက်ရွေးစင်အသင်းတွေဟာ လိဒ်ပွဲတွေ ကစားနေရတဲ့ ဘောလုံးသမားတွေကို စောင့်ဆိုင်းနေရတာကြောင့် ကာတာကို လာရောက်နိုင်ခြင်း မရှိသေးပါဘူး။
အမေရိကန်အသင်းဟာ အုပ်စုဘီမှာ အင်္ဂလန်၊ ဝေးလ်၊ အီရန်တို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။
နိုဝင်ဘာ ၂၁ ရက်မှာ အမေရိကန်အသင်းဟာ ဝေးလ်နဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အမေရိကန်နည်းပြကတော့ အုပ်စုအဆင့်ကနေ တက်ရေးဟာ ပထမ ဦးစားပေးဖြစ်တယ်လို့ ပြောထားပါတယ်။