close

ပွဲစဉ်တိုင်းဟာ ဗိုလ်လုပွဲဖြစ်သွားပြီဟု မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် သုံးသပ်

လက်ကျန်ပွဲစဉ်တိုင်းက ဗိုလ်လုပွဲတပွဲလို ဖြစ်သွားပြီလို့ မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က ပြောပါတယ်။ 

အယ်လ်ဗာရက်ဇ်ဟာ ဒဏ်ရာကြောင့် ဒီဘရိုင်းမပါဝင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်နေရာမှာ ခြေစွမ်း ပြသနိုင်ခဲ့ပြီး အနိုင်ဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

ဖူဟမ်ကို အနိုင်ရတဲ့ပွဲစဉ်အပြီးမှာတော့ အာဆင်နယ်ကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ကို ရောက်လာတဲ့ မန်စီးတီးအတွက် လက်ကျန်ပွဲစဉ်တိုင်းက ဗိုလ်လုပွဲ ဖြစ်သွားပြီလို့ ပြောခဲ့တာပါ။ 

“နံပါတ် ၁ နေရာဆိုတာ ရာသီအစကတည်းက ကျနော်တို့ လိုချင်တဲ့နေရာပေါ့။ ကစားသမား တိုင်းက အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့လို့ နံပါတ် ၁ နေရာကို ပြန်လာနိုင်ခဲ့တာဖြစ်ပြီး နံပါတ် ၁ နေရာကို ဆက်ပြီး ထိန်းသိမ်းသွားဖို့လိုပါတယ်”လို့ အယ်လ်ဗာရက်ဇ်က ပြောပါတယ်။

မန်စီးတီးဟာ လက်ကျန်တပွဲ မကစားရသေးပေမဲ့ ဒုတိယနေရာက အာဆင်နယ်ကို ၁ မှတ် အသာ နဲ့ ဦးဆောင်နေပါတယ်။ 

Up