close

ထိုင်းအကျဉ်းသား ၁၂၀၀ ကျော်တွင် ကိုဗစ်-၁၉ ကူးစက်မှုအသစ်တွေ့၊ ၃ ဦးသေဆုံး

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ ထိုင်းနိုင်ငံမှာ အကျဉ်းထောင်တွေထဲက ကူး စက်မှုအသစ် ၁၂၄၃ ယောက်တွေ့ရှိခဲ့ပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

       ဒါကြောင့်မို့ ထိုင်းအကျဉ်းထောင်တွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ဟာ ၁၇,၁၃၈ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ အကျဉ်းဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဝီရာခစ် ဟန်ပရီဖန်က ပြောပါတယ်။ ဒီကူးစက်မှုအသစ်တွေ့ရှိမှုဟာ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင် ၁၃ ခုက ဖြစ် တယ်လို့ သူက ဆိုပါတယ်။

သေဆုံးသူ ၃ ယောက်ထဲက တယောက်ကတော့ ချင်းမိုင်ဗဟိုအကျဉ်းထောင်က အသက် ၆၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၁၁ ရက်က ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရပြီး မောပန်းနွမ်းနယ်တဲ့ လက္ခဏာတွေ ခံစားခဲ့ရကာ ၂၆ ရက်နေ့ နေ့လည်ပိုင်းက သေဆုံးသွားခဲ့တာပါ

ဒုတိယတယောက်ကတော့ ထွန်ဘူရီအကျဉ်းထောင်က အသက် ၆၄ နှစ်အရွယ် အ မျိုးသားဖြစ်ပြီး မေ ၁၅ ရက်နေ့က မောပန်းနွမ်းနယ်ပြီး သွေးတွင်းအောက်ဆီဂျင်လျော့ နည်းတဲ့ လက္ခဏာတွေခံစားခဲ့ရပြီး ဒီကနေ့ မနက်အစောပိုင်း ၃ နာရီခွဲလောက်မှာ သေ ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

တတိယတယောက်ကတော့ ဘန်ကောက်အကျဉ်းထောင်က အသက် ၄၇ နှစ်အ ရွယ် အမျိုးသားဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၁၀ ရက်က အဖျားကြီးပြီး အသက်ရှူစက်အကူအညီနဲ့ ဆေးရုံမှာ ကုသခဲ့ရပြီး ဒီကနေ့ မနက် ၆ နာရီခွဲလောက်မှာ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြ ပါတယ်။       လက်ရှိမှာတော့ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၁၃၅,၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူပေါင်း ၈၃၂ ယောက် ရှိနေတာ ဖြစ်ပါတယ်။

Photo- Bangkok Post

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up