မုံရွာမြို့က ကျောက္ကာရေနံချက်ဖို မီးလောင်





3
စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ကျောက္ကာရေနံချက်ဖိုမှာ မေ ၂၆ ရက် နေ့လယ် ၁ နာရီ ၄၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်ရာသို့ နယ်မြေခံမီးသတ်စခန်းက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နေ့လည် ၂ နာရီ ၅မိနစ်မှာ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးပါဘူး။