close

ကမ္ဘာတဝန်း ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ၃ သန်းခွဲကျော်၊ အမေရိကန်နှင့် ဘရာဇီးမှ ၁ သန်းကျော် ပါဝင်

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃ သန်းခွဲကျော် ရှိ လာခဲ့ပြီဖြစ်ကာ အမေရိကန်နဲ့ ဘရာဇီး ၂ နိုင်ငံပေါင်း သေဆုံးမှုက ၁ သန်းကျော် ပါဝင်နေပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် စုစုပေါင်းကတော့ ၁၆၈ ဒသမ ၈ သန်းကျော်နဲ့ ရောဂါ ပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၁၅၀ ဒသမ ၄ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၄ သန်းနီးပါး၊ သေဆုံးသူ ၆ သိန်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၂၇ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၃ သိန်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆ ဒသ မ ၁ သန်းကျော်၊ သေဆုံးသူ ၄ သိန်းခွဲကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ် တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်၊ တူရကီနဲ့ ရုရှားနိုင်ငံတွေက ကူးစက်ခံရသူ ၅ သန်း ကျော်စီ၊ ယူကေနဲ့ အီတလီနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ ဂျာမနီ၊ စပိန်၊ အာဂျင်တီးနားနဲ့ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ ပိုလန်၊ အီရန်၊ မက္ကဆီကိုနဲ့ ယူကရိန်းနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါ တယ်။

အဲဒီနောက်မှာတော့ ပီရူး၊ အင်ဒိုနီးရှား၊ ချက်သမ္မတနိုင်ငံ၊ တောင်အာဖရိက၊ နယ်သာလန်၊ ကနေဒါ၊ ချီလီ၊ ဖိလစ်ပိုင်၊ အီရတ်၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယမ်နိုင်ငံ တွေနဲ့အတူ ဆွီဒင်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁ သန်း ကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ် မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၁ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံ အလိုက် အမှတ်စဉ် ၉၈ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် ပါကစ္စတန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနိုင်ငံက ရောဂါကူးစက်ခံ ရသူ ၈ သိန်းကျော်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျော်ဒန်နဲ့ ဂျပန်နိုင်ငံတွေက ၇ သိန်းကျော်စီနဲ့ အသီး သီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၃,၃၁၈ ယောက်၊ သေဆုံးသူ ၃,၂၁၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၂,၂၆၄ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအ များဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅ သိန်း ၃ သောင်းကျော်နဲ့ သေဆုံးသူ ၂,၄၃၂ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁ သိန်း ၃ သောင်းကျော်နဲ့ သေဆုံးသူ ၈၇၃ ယောက် ရှိနေပါ တယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၁ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၂ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂ သောင်း ၇ ထောင်နီးပါးနဲ့ သေဆုံးသူ ၁၉၀ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၆ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ၄၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၄၀ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁,၈၈၃ ယောက်နဲ့ သေဆုံးလူနာ ၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up