close

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှင့် ကူးစက်ပျံ့နှံ့မှုနှုန်း ဆက်တိုက် မြင့်တက်

အာဆီယံနိုင်ငံတွေအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုနှုန်းဟာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ဆက်တိုက်မြင့်တက်ခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

       ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအသစ် ၂၄,၉၅၂ ယောက်၊ သေဆုံးမှုအ သစ် ၄၅၇ ယောက်ရှိခဲ့ပြီး ဒါဟာ အရင်တနေ့က ကူးစက်မှုအသစ် ၂၁,၂၂၉ ယောက်၊ သေ ဆုံးမှုအသစ် ၄၀၆ ယောက်ထက် ပိုမိုများပြားလာနေခဲ့တာပါ။

       လက်ရှိအချိန်ထိ အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ကတော့ ၃ ဒသမ ၉၂ သန်းကျော်နဲ့ သေဆုံးသူစုစုပေါင်း ၇၇,၁၉၀ ယောက်ထိ ရှိလာနေခဲ့ ပြီလို့သတင်းမှာ ဖော်ပြပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကူးစက်ခံရမှုအသစ် ၇,၈၅၇ ယောက်နဲ့ သေဆုံးမှုအသစ် ၅၉ ယောက်ရှိခဲ့ကာ ကူးစက်ခံရသူ စုစုပေါင်း ၅၄၁,၂၂၄ ယောက်နဲ့ သေဆုံးသူပေါင်း ၂,၄၉၁ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

       ကူးစက်မှုအသစ်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂,၆၇၅ ယောက်ကတော့ ဆီ လန်ဂေါပြည်နယ်က ဖြစ်ပြီး ၅၆၁ ယောက်ကတော့ ကွာလာလမ်ပူကဖြစ်တယ်လို့ ဆိုပါတယ်။

မလေးရှားပြည်သူ့ကျန်းမာရေးဝန်ကြီးကတော့ ကူးစက်ခံရသူတွေဟာ အသက် ၂၀ နဲ့ ၄၀ ကြားအရွယ်တွေဖြစ်ပြီး နိုင်ငံရဲ့ မြောက်ဘက် ပြည်နယ်အသီးသီးမှာနေထိုင်သူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

       တချိန်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံမှာတော့ ပြီးခဲ့တဲ့ မေ ၁၆ ရက်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး အသက် ၂၂ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ရပြီး နောက် ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရပေမယ့် လက်ရှိမှာတော့ AstraZeneca ကာကွယ်ဆေးဟာ စိတ်ချရကြောင်း ပြန်လည်အတည်ပြုခဲ့ပါတယ်။

အစိုးရ ထုတ်ပြန်ချက်မှာတော့ အဆိုပါလူနာသေဆုံးမှုနဲ့ ကာကွယ်ဆေးကြား တုံ့ပြန်မှု ဆက်စပ်မနေခဲ့ဘူးလို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ချ်အို)ရဲ့ အစီအစဉ်နဲ့ ပြီးခဲ့တဲ့ ဧပြီလတည်းက AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သိန်းခွဲလက်ခံရရှိခဲ့ ပါတယ်။

       လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုအနေနဲ့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁ သိန်း ၄ သောင်း ကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူပေါင်း ၉၂၀ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၆၉ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ စုစုပေါင်း ၃ သန်းခွဲကျော်နဲ့ ရောဂါ ပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၁၅၁ ဒသမ ၃ သန်းကျော် ရှိနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up