close

ဂျပန်ရောက်မြန်မာများ လက်ကမ်းစာစောင်ဖြန့်ဝေလှုပ်ရှားမှုပြုလုပ်

မြန်မာနိုင်ငံရဲ့ အခြေအနေကို ဂျပန်ပြည်သူတွေပိုပြီး သိလာစေဖို့ ဂျပန်ရောက် မြန်မာအရေးလှုပ်ရှားတဲ့ TTAJ အဖွဲ့က  မေလ ၂၉ ရက်ညနေပိုင်း ချီးဘားခရိုင်၊ ခါရှီဝ ဘူတာမှာ လက်ကမ်းစာစောင်တွေနဲ့ တစ်ရှူးတွေ ဝေငှခဲ့ကြပါတယ်။

ညနေ ၃ နာရီကနေ ၆ နာရီအတွင်း လက်ကမ်းစာစောင်ပေါင်း ၁၂၀၀ နဲ့ တစ်ရှူး အခုရေ  ၁၂၀၀ ကို ဂျပန်ပြည်သူ ပြည်သားတွေ လက်ဝယ်အရောက် ဝေငှပေးနိုင်ခဲ့တယ်လို့  TTAJ  အဖွဲ့၀င်တွေက ဆိုပါတယ်။

ဒီလှုပ်ရှားမှု စတင်ခဲ့တဲ့ အချိန်ကနေ ဒီနေ့အထိ မြန်မာ့ဒီမိုကရေစီအရေးကို ဂျပန်ပြည်သူတွေက ထောက်ခံအားပေးကြောင်း ဆန္ဒထုတ်ဖော်ပြတဲ့စတစ်ကာ အခုရေ သောင်းကျော်ကိုလည်း စုစည်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

မနေ့က လှုပ်ရှားမှုမှာ နွေဦးတော်လှန်ရေး၊ သွေးသစ္စာ၊ အလိုမရှိ ဆိုတဲ့သီချင်းတွေနဲ့ ဂစ်တာတီးပြီး သရုပ်ဖော်တင်ဆက်ခဲ့သလို ဂျပန်ပြည်သူတွေကလည်းလက် ၃ ချောင်းထောင်ပြီး အားပေးစကားတွေ ပြောခဲ့ကြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up