close

တောင်ကြီးမြို့ စစ်တပ်ပိုင် အင်းဝဘဏ်ရှေ့ ဗုံးကွဲ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်ခွဲရှေ့မှာ  မေလ ၂၉ ရက် ညနေ ၆ နာရီကျော်လောက်က  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်မှာ လူတွေထိခိုက်ဒဏ်ရာတာနဲ့ ပျက်စီးဆုံးရှုံးမှုရှိတဲ့ သတင်းတွေကတော့ မရရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကလည်း  တောင်ကြီးမြို့ပေါ်ရှိ  အမှတ် (၂၁၂) ဆက်သွယ်‌ရေးတပ်ရှေ့မှာ  ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က တပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်မတော် (TPDF) က တိုက်ခိုက်တာ ဖြစ်တယ်လို့  တရားဝင် ထုတ်ပြန်ချက်ကြေညာထားပါတယ်။

အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲက  ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူလူထု၊ အမျိုးသမီး၊ ကျောင်းသားလူငယ်နဲ့ ကလေးသူငယ်တွေကို တိုက်ပွဲသုံး သေနတ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့လို့ တောင်ကြီးမြို့ အပါအဝင် နိုင်ငံတဝန်းမှာ ပြည်သူ ၈၄၀ နီးပါး သေဆုံးခဲ့ရပါတယ်။

Photo : CJ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up