ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၁၇၀ ကျော်၊ သိန်းချီသေဆုံးသည့်နိုင်ငံ ၈ နိုင်ငံထိရှိလာ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သန်း ၁၇၀ ကျော် ရှိလာခဲ့ပြီဖြစ်ပြီး သိန်းနဲ့ချီ သေဆုံးတဲ့ နိုင်ငံပေါင်း ၈ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက သေဆုံးသူ ၆ သိန်းကျော်၊ ကူးစက်ခံ ရသူ ၃၄သန်းကျော်ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၄ သိန်းခွဲ ကျော်၊ ကူးစက်ခံရသူ ၁၆ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးမှုအမြင့်ဆုံး နိုင်ငံတွေအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။
တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃ သိန်း ၂ သောင်းကျော်၊ ကူးစက်ခံရသူ ၂၇ ဒသမ ၈ သန်း ကျော်နဲ့ ရပ်တည်နေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ မက္ကဆီကို၊ ယူကေ၊ အီတလီ၊ ရုရှားနဲ့ ပြင်သစ်နိုင်ငံ တွေမှာပါ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ သိန်းချီရှိလာတာကြောင့် သိန်းချီသေဆုံးတဲ့ နိုင်ငံပေါင်း ၈ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံ ပေါင်းကတော့ ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထား ပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအ တွက်ကတော့ ၃ သန်းခွဲကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူစုစုပေါင်း ကတော့ ၁၅၂ ဒသမ ၃ သန်းကျော် ရှိနေပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၁ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံ အလိုက် အမှတ်စဉ် ၉၈ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် ပါကစ္စတန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနိုင်ငံက ရောဂါကူးစက်ခံ ရသူ ၈ သိန်းကျော်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျော်ဒန်နဲ့ ဂျပန်နိုင်ငံတွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၃,၅၂၆ ယောက်၊ သေဆုံးသူ ၃,၂၁၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၂,၂၉၇ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၂,၆၅၀ ယောက် ရှိပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁ သိန်းခွဲနီးပါးနဲ့ သေဆုံးသူ ၉၈၈ ယောက် ရှိနေပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆၂,၀၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၂ ယောက်ရှိနေတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၀၃ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၆,၇၁၃ ယောက်နဲ့ သေဆုံးသူအရေအတွက် ၄၇ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၄၁ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေ တာပါ။
လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁,၉၀၈ ယောက်နဲ့ သေဆုံးလူနာ ၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။