close

ယင်းမာပင်မြို့ အ. ထ.က ကျောင်းဝင်းအတွင်း ဗုံး​​ပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အ​ခြေခံပညာအထက်တန်း​ကျောင်းဝင်းအတွင်း ဒီ​ကနေ့ မနက် ဇွန် ၂ ရက် မနက်  ၁၀ နာရီလောက်က  ဗုံး​ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

​ပေါက်ကွဲမှုဖြစ်ပြီးနောက်  စစ်​ကောင်စီအဖွဲ့ အင်အား ၂၀ ဝန်းကျင်​ရောက်လာပြီး စစ်​ဆေးနေပါတယ်။ ယင်းမာပင်မြို့နယ်အတွင်းမှာ ဇွန်လ ၂ ရက်​နေ့ မနက်ပိုင်းမှာတင် ဗုံး​ပေါက်ကွဲမှု  ၂ ​နေရာ ဖြစ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ အခြေခံပညာ စာသင်​ကျောင်း​ပေါင်း ၁၃၅ ​ကျောင်းရှိတဲ့အထဲက ​အားလုံးနီးပါး ကျောင်းဖွင့်နိုင်တဲ့ အ​နေအထား မရှိ​သေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up