close

ယင်းမာပင်မြို့နယ် ကွေ့​ချောင်း​ရွာသား ၃ ဦးထက်မနည်း ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ​ကွေ့​ချောင်း​ကျေးရွာကို ဇွန်လ ၄ ရက်မနက်ပိုင်း ၇ နာရီခွဲလောက်က အကြမ်းဖက်စစ်​ကောင်စီတပ်​တွေ ဝင်​ရောက်လာပြီး ​ဒေသခံရွာသား ၃ ဦးထက်မနည်းကို ဖမ်းဆီးသွားပါတယ်။

“ရွာအတွင်းက သဲအိတ်​တွေဖယ်ပြီး ​နေအိမ်​တွေထဲလည်း ရှာ​ဖွေမှု​တွေလုပ်တယ်။ ဘာရှာတာလည်း မသိဘူး။ ​တွေ့ရာလူကိုလည်း ဖမ်းတယ်။ လက်ရှိအချိန်ထိ ၃ ဦးထက်မနည်း ဖမ်းခံထားရတယ်” လို့ ​ဒေသခံပြည်သူက ​ပြောပါတယ်။

စစ်​ကောင်စီတပ်​တွေဟာ ရွာထဲကမပြန်​သေးတာ​ကြောင့် ​ဒေသခံပြည်သူ​တွေ ​​ရွာထဲမ​နေရဲပဲ ထွက်ပြေး တိမ်း​ရှောင်​နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up