ထိုင်းတွင် တရက်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၀ ဦးနှင့် ကူးစက်မှုအသစ် ၂၃၃၁ ဦးရှိ

ထိုင်းနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူအယောက် ၄၀ နဲ့ ကူးစက်မှုအသစ် ၂၃၃၁ ယောက်ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကူးစက်ခံရသူတွေထဲက ၂၆ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးရုံတက်ရောက်ကုသမှုခံယူနေသူတွေထဲက ၄၉၄၇ ယောက်ကတော့ ပြန်လည် ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၀၄,၅၉၅ ယောက်နဲ့ သေဆုံးသူပေါင်း ၁,၅၂၅ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါသန်းနဲ့ချီ ကူးစက်မှုအမြင့်ဆုံး နိုင်ငံတွေထဲ မှာတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက ထိပ်ဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၁၇၇ ဒသ မ ၄ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူအရေအတွက်ကတော့ ၃ ဒသမ ၈ သန်း ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၁၆၁ ဒသမ ၈ သန်း ကျော် ရှိနေတာ ဖြစ်ပါတယ်။
Photo-Bangkok Post