close

မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ ဦးတွေ့ရှိ

မကွေးတိုင်းဒေသကြီးအတွင်းမှာ ဇွန် ၂၃ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ  ၁၀ ယောက်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

အဲဒီအတည်ပြုလူနာတွေကတော့ ငဖဲမြို့နယ်က ၅ ယောက်၊ ပခုက္ကူမြို့နယ်က ၄ ယောက်နဲ့ တောင်တွင်းကြီးမြို့နယ်က ၁ ယောက်တွေ့ရှိတာလို့ ပရဟိတ အဖွဲ့ဝင်တစ်ယောက်က DVB ကို ပြောပါတယ်။

ငဖဲမြို့နယ်က ၅ ယောက်ကတော့ မကွေးမြို့ KTV တစ်ခုက ပြန်လာကာ မိသားစုဝင်တွေနဲ့ ထိစပ်တဲ့သူတွေကို ကူးစက်တာဖြစ်ပြီး အဲဒီ KTV ဝန်ထမ်းတွေမှာလည်း အနံ့ပျောက်ဖျားနာတဲ့ သူတွေရှိနေတယ်လို့ဆိုပါတယ်။

ပခုက္ကူမြို့မှာ ကိုဗစ်-၁၉ သံသယဖြစ်သူ ၆ ယောက်ကို စစ်ဆေးရာ ၄ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးအရှေ့ဘက်က ဖျားနာဆောင်မှာ ကုသပေးနေတယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်က အတည်ပြုလူနာကတော့ ဇွန် ၂၂ ရက်နေ့က အတည်ပြုလူနာတစ်ယောက်ဖြစ်တဲ့ သက္ကယ်ကျင်းရွာမှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း အမျိုးသားနဲ့ ထိစပ်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up