အိန္ဒိယတွင် ကိုဗစ်မျိုးကွဲကူးစက်ခံလူနာများကို သေချာစောင့်ကြည့်ရန် အမိန့်ထုတ်

ဒယ်လ်တာပလပ်စ် ဗီဇမျိုးကွဲအဖြစ် ပြည်တွင်းမှာတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ် ကူးစက်ခံရဲ့ လူနာတွေကို နီးနီးကပ်ကပ် စောင့်ကြည့်ဖို့ ဝန်ထမ်းတွေကို အမိန့်ထုတ် ထားတယ်လို့ အိန္ဒိယနိုင်ငံ မဟာရတ်ရှ်ထရာပြည်နယ်ရဲ့ ကျန်းမာရေးဝန်ကြီးက ဇွန် ၂၃ရက်မှာ ပြောပါတယ်။
သန္ဓေပြောင်းနေတဲ့ ဒယ်လ်တာ ကိုရိုနာဗိုင်းရပ် ဗီဇမျိုးကွဲ ကူးစက်ခံ လူနာ အယောက် ၄၀ ကို တွေ့ထားပြီး ဒီ ဗီဇမျိုးကွဲသစ်ဟာ ပိုပြီး ကူးလွယ်တယ်လို့ အိန္ဒိယအစိုးရက ပြောခဲ့ပါတယ်။ ပြည်နယ်တွေမှာ ကူးစက်ခံ ဟုတ်၊မဟုတ် ပိုစမ်းသပ်ကြဖို့ကိုလည်း အကြံပြု ထားပါတယ်။
ဒယ်လ်တာဗီဇမျိုးကွဲရဲ့ လက်ရှိ လက္ခဏာတွေနဲ့အတူ သန္ဓေပြောင်းနေတဲ့ ဒယ်လ်တာ ပလပ်စ် ဗီဇမျိုးကွဲဟာ ပိုပြီး ကူးစက်လွယ်နိုင်မှာကို သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြ ပါတယ်။
အိန္ဒိယနိုင်ငံ မဟာရတ်ရှ်ထရာ၊ ကဲရာလာနဲ့ မဒယာပရာဒက်ရှ် ပြည်နယ်တွေမှာ ဗီဇမျိုးကွဲသစ်တွေကို လေ့လာတွေ့ရှိထားပြီး အစောဆုံး နမူနာတွေကို ဧပြီ ၅ ရက်မှာ ကောက်ယူထားခဲ့တယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။