close

စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ရန် PDF ၆ ဖွဲ့ ပူးပေါင်း

စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးအတွက် PDF အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းလိုက်ကြောင်း ဇွန်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

PDF(ရန်ကုန်)၊ MSTF (မန္တလေးကိုယ်စားပြု အထူးပြောက်ကျားတပ်ဖွဲ့)၊ PDF (မကွေး)၊ KPDF(ကျောက်ဆည်)၊ SPDF (စစ်ကိုင်း) နဲ့ MDPDF (မကွေးတိုင်းဒေသကြီး) တို့ ပူးပေါင်းလိုက်တာပါ။

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ခိုက်ရေးအတွက်  တော်လှန်ရေး ညီအကိုတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချိတ်အဆက်မိမိနဲ့ တော်လှန်ဖို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တာလို့ ဆိုပါတယ်။

မဟာမိတ် အဖွဲ့တွေအနေနဲ့ ပူးပေါင်းချိတ်ဆက်ကာ မြို့နယ်၊ တိုင်းအလိုက် ထိရောက်တဲ့ တော်လှန်ရေးတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီးတော့ PDF တပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပါက PDF တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှူများအား Facebook ပေါ် Live လွှင့်တာ၊ Post တင်တာတွေ မပြုလုပ်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

မြို့တွင်းပြောက်ကျားစနစ် (သိုမဟုတ်) စစ်ကောင်စီတွေနဲ့ မြိုနယ်၊ တိုင်းတစ်ခုခုမှာ PDF တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါက ကျန်ရှိနေတဲ့ မြို့နယ်၊ တိုင်းတွေက PDF အဖွဲ့တွေကလည်း  သက်ဆိုင်ရာ မြို့နယ်၊ တိုင်းအလိုက် ဝိုင်းဝန်းတိုက်ခိုက်ကြဖို့ PDF ၆ ဖွဲ့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up