မက်ဆီကို အမြန်ဆုံးသက်တမ်းတိုးရန် ဘာစီလိုနာညှိနိူင်း

ဘာစီလိုနာအသင်းဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့ အသင်းခေါင်းဆောင်မက်ဆီကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။
ဇူလိုင် ၁ ရက်မှာ အသင်းနဲ့ တရားဝင်စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်မက်ဆီကို ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ ဘာစီလိုနာအသင်းက ဆန္ဒရှိနေတာပါ။
ဘာစီလိုနာ အသင်းဥက္ကဋ္ဌလာပေါ်တေး ကိုယ်တိုင် မက်ဆီရဲ့ဖခင်ဖြစ်သူ၊ အေးဂျင့်ဖြစ်သူ တို့နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဇွန် ၂၆ရက်နေ့အထိ သဘောတူညီမှု တစ်စုံတစ်ရာမရရှိသေးဘူးလို့ သိရပါတယ်။
အသက် ၃၄ နှစ်ရှိ မက်ဆီကို ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။