close

မန္တလေးတွင် တစ်ခါသုံး နှာခေါင်းစည်း Mask ဝယ်လိုအားနှင့် ဈေးနှုန်းမြင့်တက်လာ

ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပြီးနောက် မန္တလေးမြို့မှာ တစ်ခါသုံး နှာခေါင်းစည်း Mask ဝယ်လိုအားနဲ့ ဈေးနှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။

မန္တလေးစျေးကွက်မှာ နှာခေါင်းစည်း Mask ဝယ်လိုအားက ဇွန်လ ၁၅ ရက်နောက်ပိုင်းမှစတင်ပြီး ဝယ်လိုအား မြင့်တက်လာတာ ဖြစ်ပါတယ်။

မန္တလေးမြို့ခံ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက "တစ်ခါသုံး နှာခေါင်းစည်း Mask ဝယ်လိုအားက လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကျော်လောက်ကတည်းက ပြန်မြင့်တက်လာတယ်၊ အရင်က တစ်ရက် ဆယ်ဂဏန်းရောင်းရပေမယ့် အခု ရာဂဏန်းထိ ရောင်းရတယ်။ ကိုဗစ်တတိယလှိုင်း လူသိများလာချိန်က ဝယ်လိုအား မြင့်တက်လာတာပါ။ ဗီတာမင်၊ အားဆေးတွေ လက်သန့်ဆေးရည်တွေကတော့ ပုံမှန်ရောင်းအားအတိုင်းပါပဲ” လို့ ပြောပါတယ်။

မန္တလေးစျေးကွက်အတွင်း တစ်ခါသုံး နှာခေါင်းစည်း Mask စျေးနှုန်းတွေမှာ ကိုဗစ်တတိယလှိုင်း မဖြစ်ပွားခင်က ၉၅၀ ကျပ် စျေးရှိခဲ့တဲ့ Mask တစ်ဘူးကို ၁၅၀၀ ကျပ်ဝန်းကျင် စျေးရှိလာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up