close

မန္တလေးတိုင်းအတွင်း ဂိတ်များဖွင့်ပြီး ကိုဗစ်-၁၉ စစ်ဆေးမည်

မန္တလေးတိုင်းအတွင်း အနယ်နယ်အရပ်ရပ်ကနေ လာရောက်မယ့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေကို ဇူလိုင်လဆန်းပိုင်းကစကာ စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ပြီး ကိုဗစ်‌ရောဂါ စစ်ဆေးတော့မယ်လို့ သိရပါတယ်။

ကုန်ကျစာရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်က ပေးဆောင်ရမယ်လို့ ကိုဗစ် -၁၉ ထိမ်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြေညာထားတယ်လို့ မော်တော်ယာဉ်မောင်းသူတွေထံက သိရပါတယ်။

ကိုဗစ်စစ်ဆေးရေး ဂိတ်တွေကို အမရပူရမြို့နယ် စွယ်တော်ကားကြီးဝင်း၊ ပြင်ဦးလွင်မြို့နယ် မီးပုံးပျံကွင်း၊ မတ္တရာမြို့နယ် ဒင်္ဂါးချောင်း၊ ကျောက်ဆည်မြို့နယ် မြို့ရှောင်လမ်းဆုံ၊ မိတ္ထီလာမြို့နယ် အမြန်လမ်း ၂၈၅ မိုင် သီးကုန်း၊ သာစည်မြို့နယ် ကျွဲတပ်ဆုံ၊ တောင်သာမြို့နယ် ကျောက်ချော၊ ရမည်းသင်းမြို့နယ် လက်ပံကုန်း၊ ပျော်ဘွယ်မြို့နယ် ပေပင်လေး အမြန်လမ်း ၂၆၂ မိုင် နဲ့ နတ်မောက် ပျော်ဘွယ်လမ်းဆုံ၊ ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ် ဆေးရုံရှေ့၊ လက်ပံ ခြေပေါ်-ပခုက္ကူတံတားထိပ်၊ ကျောက်ပန်းတောင်းမြို့နယ် ကောင်းမွန် စစ်ဆေးရေးဂိတ်တွေမှာ ကိုဗစ် ကူးစက်မှု ရှိမရှိ စောင့်ကြည့်စစ်ဆေးမယ်လို့ သိရပါတယ်။

စစ်ဆေးရာမှာ ကိုယ်အပူချိန် မြင့်တက်နေသည်ဖြစ်စေ၊ သံသယလက္ခဏာတွေ့ရှိသည်ဖြစ်စေ လက်ချောင်းထိပ်မှာ Pulse oximeters နဲ့ (SpO2) သွေးတွင်း အောက်ဆီဂျင် တိုင်းတာတာ၊ RDT နည်းစနစ်နဲ့ တိုင်းတာတာတွေ လုပ်ဆောင်မှာဖြစ်ပြီး စစ်ဆေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရီးသွားလာသူတွေရဲ့ အမည်၊ နေရပ်လိပ်စာ၊ ခရီးသွား ရာဇဝင်နဲ့ တယ်လီဖုန်းနံပါတ်တွေကို မှတ်တမ်းယူထားမယ်လို့ သိရပါတယ်။ 

ထုတ်ပြန်ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up