close

မြန်မာစစ်တပ်က အရပ်သားအနည်းဆုံး ၈၈၃ ဦးအား သတ်ဖြတ်ခဲ့ဟု ကုလပြော

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအစောပိုင်းမှာ စစ်တပ်က အာဏာသိမ်းယူပြီးကတည်းက လုံခြုံရေးတပ်ဖွဲ့တွေဟာ လက်နက်မဲ့ အရပ်သား အနည်းဆုံး ၈၈၃ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၁၂၆ ယောက်ကို သေဒဏ်ချမှတ်လိုက်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ဇွန် ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြောင်း Sputnik သတင်းမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာပြည်အဖွဲ့က ပြောကြားရာမှာ လုံခြုံရေးတပ်ဖွဲ့တွေ သတ်ဖြတ်လိုက်တဲ့ လက်နက်မဲ့ အရပ်သား အနည်းဆုံး ၈၈၃ ယောက်ရှိပြီး၊ စစ်ကြောထိန်းသိမ်းရင်း သေဆုံးသွားသူ အနည်းဆုံး အယောက် ၄၀ လောက် ရှိတယ်ဆိုတဲ့ အစီရင်ခံစာတွေ ရှိတယ်လို့ ဆိုတယ်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက ကလေးငယ် အယောက် ၆၀ အသတ်ခံခဲ့ရတယ်လို့လည်း အဖွဲ့က ပြောကြားတယ်လို့ ဒူဂျားရစ်က ပြောဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းမှုကို အတိုက်အခံလုပ် ဆန့်ကျင်ခဲ့ကြတဲ့ ရလဒ်အနေနဲ့ အနည်းဆုံး လူပေါင်း ၅၂၀၂ ယောက် အထိန်းသိမ်းခံနေရသလို အဲ့ဒီလူတွေထဲက ၁၂၆ ယောက်ကတော့ သေဒဏ်ကျခံနေရတယ်လို့ ဒူဂျားရစ်က ပြောဆိုပါတယ်။ 

ကုလသမဂ္ဂအဖွဲ့ဟာ လူသတ်လက်နက်တွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့အင်အား အလွန်အကျွံ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲထားခြင်းကို ပြင်းပြင်းထန်ထန် ဆက်လက်ကန့်ကွက်နေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up