close

ယူကေအခြေစိုက် ချီးဗနင်းပညာသင်ဆုအစီအစဉ် ခေါ်ယူ

ယူကေတက္ကသိုလ်တွေမှာ စရိတ်ငြိမ်း ပညာသင်ကြားခွင့် ရရှိမယ့် ချီးဗနင်းပညာ သင်ဆု လျှောက်လွှာတွေကို လာမယ့် သြဂုတ် ၃ ရက်နေ့မှ စတင်လက်ခံသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ထုတ်ပြန်ထားပါတယ်။

အနာဂတ်တက်သစ်စ ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖြည့်ဆည်းနိုင်ပြီး  မိမိနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို ပြန် လည်အကျိုးပြုဆောင်ရွက်နိုင်ဖို့ ဒီပညာသင်ဆုကို ပေးအပ်တာလို့ ဆိုပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ဆုနဲ့ပတ်သက်တဲ့ အသေးစိတ် အ ချက်အလက်နဲ့ လျှောက်လွှာ စတင်ပြင်ဆင်ဖို့အတွက် ဖော်ပြပါလင့်ခ် www.chevening.org  မှာ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ ၆ ရက် နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ချီးဗနင်းပညာသင်ဆုကို လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ်က စတင်ပေးအပ်ခဲ့တာပဲဖြစ်ပြီး မြန် မာနိုင်ငံက ပညာသင်ဆု ရရှိခဲ့သူဦးရေ ၁၆၀ ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up