close

စစ်ဘေးရှောင်များအတွက် ဆေးဝါးသယ်လာသူတစ်ဦး ဆောမြို့နယ်တွင် ဖမ်းဆီးခံရ

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်အတွင်းမှာ ဇူလိုင်က ၁ ရက်နေ့က မင်းတပ်၊ ကန်ပက်လက် စစ်ဘေးရှောင်များအတွက် ဆေးဝါးတွေ သယ်လာတဲ့ စေတနာ့ဝန် ထမ်းတစ်ယောက် အဖမ်းခံရတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

ဆောမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေကို အကြမ်းဖက်စစ်အုပ်စုက တင်းကြပ်စွာ စစ်ဆေးပြီး စစ်ဘေးရှောင်တွေအတွက် ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်နေသလို ဖမ်းဆီးတာတွေလည်း ပြုလုပ်နေတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ စေတနာ့ဝန်ထမ်းကို ဘယ်ခေါ်ဆောင်သွားမှန်း မသိဘူးလို့ တာဝန်ခံက ပြောပါတယ်။

ဆောမြို့အတွင်း စစ်ဘေးရှောင်စခန်း ၁၃ ခုရှိပြီး ရိက္ခာနဲ့ ဆေးဝါးတွေ အကူညီလိုအပ်နေကာ စစ်ဘေးရှောင်တွေကို လက်ခံထားတဲ့ စခန်းတည်နေရာတွေကိုလည်း အွန်လိုင်းပေါ်မတင်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ စီးပွားရေးဘဏ် တစ်ခုသာ ကန့်သတ်ချက်နဲ့ ငွေထုတ်လို့ရနေပြီး KBZ Pay နဲ့ Wave Money ထုတ်မရတာကြောင့် စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေပြည်သူတွေ ငွေကြေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ဆောမြို့နယ် ကံချောင်းကျေးရွာ စာသင်ကျောင်းအတွင်းမှာလည်း ဒီကနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုတွေ အများအပြားတပ်စွဲထားသလို ဇွန်လ ၃၀ ရက်နေ့ကလည်း ကျောက်ထုဘက်မှာ စစ်ကား အစီး ၂၀ ရောက်နေပြီး မင်းတပ်ဘက်ကို ၁၄ စီး တက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up